Sunday, 31 January 2010 01:55
Home Stories - Vol2 No.70
မြွေတစ်ကောင် တက်ရောက် ဖူးမြော်ခဲ့ ရန်ကုန်၊ ဇန်နဝါရီ (၂ဝ)ရက်၊ ညနေ (၆)နာရီ (၃)မိနစ်တွင်
သင်္ဃန်းကျွန်း မြို့နယ်ရှိ ကျိုက္ကစံ စေတီတော်မြတ်ကြီး၏ ထီးတော်တင် လှူပူဇော်ရန် ဆောက်လုပ်ထားသည့် ငြမ်းထိပ်ဆုံးသို့ မြွေတစ်ကောင် တက်ရောက် ဖူးမြော်ခဲ့ကြောင်း ဂေါပကအဖွဲ့ဝင် တစ်ဦးက လျှပ်တစ်ပြက်သို့ ပြောကြားခဲ့သည်။ ယင်းမြွေသည် အရှည်(၂)ပေကျော် ရှိပြီး အစိမ်းနှင့် အဝါရောင်များ ပါရှိကြောင်း၊ ဦးခေါင်းသည် ပြား၍ ရှည်ကာ လုံးပတ်'ကျပ်စေ့' အရွယ်ရှိကြောင်း၊ ယင်းမြွေသည် ငြမ်းဖြင့် ဆောက်လုပ်ထားသည့် လှေကားများ အတိုင်း စေတီ၏ ပတ်ပတ်လည် လျှောက်သွားကာ ငြမ်း၏ ထိပ်ဆုံးသာသနာ့ အလံတော်ထိတက်ကာ ပိုက်လုံး၏ အပေါက်အတွင်းထဲသို့ အမြီးဖြင့် ချိတ်၍ ဦးခေါင်းမှ စေတီပတ်ပတ်လည်သို့ ဝှေ့ယမ်းကာ ဖူးမြော်ခဲ့ကြောင်း ယင်းမြွေသည် မည်သည့်မြွေ အမျိုးအစား ဖြစ်သည်ကို မသိကြောင်း ကျိုက္ကစံဘုရား ဂေါပကအဖွဲ့ဝင် ဦးစိုးမြင့်က ပြောပြသည်။ ''နှစ်ညနဲ့တစ်ရက်လုံးနေသွားတာ။ အစာလည်း မစား ဘူး။ ဘယ်သူ့ကိုမှလည်း အန္တရာယ်ပြုတဲ့ပုံမျိုး မရှိဘူး။ အန္တရာယ်လဲ မပေးသွားဘူး။ ဇန်နဝါရီ (၂၆)ရက်က အပြီး ထီးတော်တင်လှူမှာ ဆိုတော့ လူတော်တော်များများက ကောင်းတဲ့ လက္ခဏာလို့ပဲ ပြောကြတယ်'' ဟု ၄င်းက ပြောပြခဲ့သည်။ ကျိုက္ကစံဆံတော်ရှင် စေတီတော်ကြီးအား (၁၉၉၁)ခုနှစ်တွင် နီုင်ငံတော်မှ ဦးဆောင်ပြီး စေတီတော်ကြီးနှင့် တကွ အဆောက်အဦများ၊ ဈေးဆိုင်ခန်းများနှင့် စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်နိုင်ရေး အတွက် (၂ဝဝဝ- ၂ဝ၁ဝ)ခုနှစ် စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဖိုးစိုင်း | < Prev |
|---|