Friday, September 10, 2010
   
Text Size

Site Search powered by Ajax

ဂဏန်း (၈)လုံးပါ ငါးသိန်းတန် ကြိုးမဲ့ CDMAဖုန်း

Home Stories - Vol2 No.70

User Rating: / 4
PoorBest 
ရန်ကုန်မြို့တွင် အသုံးပြု နိုင်ပြီ ရန်ကုန်မြို့တွင် ကျပ်ငါးသိန်းတန် CDMA ဖုန်း များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂ဝ၁ဝခုနှစ် ဇန်နဝါရီ တတိယပတ်တွင် စတင်ငှားရမ်း အသုံးပြုခွင့် ပေးခဲ့ကြောင်း ကိုယ်တိုင် ငါးသိန်းတန် CDMA ဖုန်း ရရှိခဲ့သူ တစ်ဦးက လျှပ်တစ်ပြက်သတင်း ဂျာနယ်သို့ပြောဆိုသည်။ ''ကျွန်တော် ဇန်နဝါရီ ပထမအပတ်မှာ ဖုန်းလျှောက်လိုက်တယ်။ ဇန်နဝါရီ တတိယပတ်မှာ ဖုန်းအသုံးပြုလို့ ရနေပြီ။ ကျွန်တော် ငါးသိန်းပဲ သွင်းရပါတယ်။ အထိုင်ဖုန်းက ငါးသောင်းခွဲပေးရတယ်။ ကြိုတင် ငွေပေးကတ်ကို သုံးသောင်းတန် ဝယ်ခဲ့တယ်။ အားလုံးပေါင်း ၅၈၅ဝဝဝ (ငါးသိန်းရှစ်သောင်း ငါးထောင်)ကျပ်ပဲ ကုန်ကျပါတယ်''ဟု CDMA ငါးသိန်းတန်ဖုန်း ရရှိခဲ့သူ တစ်ဦးက ပြောဆိုသည်။ ကျွန်တော့်ဖုန်းက ၇၃ဝဝ၅၆ထထပါ။ အားလုံးပေါင်း ဂဏန်းရှစ်လုံး ပါပါတယ်။ ဖုန်းပြောရတာ၊ ဖုန်းခေါ်ရတာကတော့ ၇ဝ၊ ၇၁၊ ၇၂ နဲ့စတဲ့ CDMA ဖုန်းတွေ အတိုင်းပါပဲ။ ဒါပေမယ့် အခု ၇၃ နဲ့ စတဲ့ ငါးသိန်းတန် CDMA ဖုန်းက ကိုယ့်ကို သူများက ခေါ်တဲ့ အချိန်မှာ Connecting မမိတာတို့ ဆိုရင် လူကြီးမင်း၏ဖုန်းသည် သတ်မှတ်ဧရိယာ အတွင်းမရှိပါသဖြင့် ခေါ်ဆို၍မရပါလို့ပြော တယ်ဗျ။ ကိုယ်က သူများဖုန်းကို ခေါ်လိုက်ရင်လည်း ကိုယ့်ဖုန်းက သတ်မှတ် ဧရိယာထဲမှာ မရှိရင် လူကြီးမင်း၏ ဖုန်းသည် သတ်မှတ်ဧရိယာနှင့် ကျော်လွန်နေပါသဖြင့် ခေါ်ဆို၍ မရပါလို့ ပြောတယ်ဗျ''ဟု အထက်ပါပုဂ္ဂိုလ်က ပြောဆိုသွားသည်။ သိန်းကျော်တဲ့ဖုန်း ဆိုရင် လိုင်းဆွဲအား ကောင်းတယ်လို့ ပြောတယ်။ ကျွန်တော့် အထိုင်ဖုန်းကတော့ ငါးသောင်းခွဲ ပေးရတယ်။ ဟုတ်တယ်။ မြန်မာ့ဆက်သွယ်ရေးက CDMA ဖုန်းကို SIM Card ပေးလိုက်တာပါဟု ၄င်းက ထပ်မံပြောဆိုသည်။ ကျန်ခဲ့သည့်လ အတွင်းကလည်း မန္တလေးမြို့တွင် ငါးသိန်းတန် CDMAဖုန်းများကို စတင်ငှားရမ်း အသုံးပြုခွင့်ပေးခဲ့ပြီး ၉၁ နှင့်စကာ ဂဏန်း(၈)လုံး ပါရှိသည်ဟု မန္တလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသွားသည်။ မင်းအောင်အောင်