Monday, September 06, 2010
   
Text Size

Site Search powered by Ajax

(၂၀၁၀)ခုနှစ် (၆၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပ

Home Stories - Vol2 No.95

User Rating: / 0
PoorBest 
(၂ဝ၁ဝ)ခုနှစ်၊ (၆၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်၌ ကျင်းပရာ (၂ဝ၁ဝ)ခုနှစ်၊ (၆၃)နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်း တက်ရောက်၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်းနှင့် မေတ္တာပို့ အမျှပေးဝေခြင်းများ ဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ (၂ဝ၁ဝ)ခုနှစ်၊ (၆၃)နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းဝင်းနှင့် ကျင်းပရေး လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ အရာရှိကြီးများ တက်ရောက်ကြသည်။

(၂ဝ၁ဝ)ခုနှစ်၊ (၆၃)နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် နံနက် (၈)နာရီတွင် အာဇာနည်ဗိမာန်သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး အာဇာနည်ဗိမာန် ရင်ပြင်၌ နေရာယူသည်။

ထို့နောက် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်သူ့ပန်းခွေ ချ၍ အလေးပြုသည်။

ယင်းအချိန်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို တိုင်ဝက်သို့ လျှော့ချလွှင့်ထူကာ ဂုဏ်ပြု တပ်ဖွဲ့ဝင်များက သေနတ်မြှောက် အလေးပြုခြင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြု ခရာမှုတ်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ မေတ္တာပို့အမျှ ဝေပြီး နှစ်မိနစ်ငြိမ်သက်စွာ နေခြင်းတို့ကို ဆောင်ရွက်ကြပြီး (၂ဝ၁ဝ)ခုနှစ်၊ (၆၃)နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် အာဇာနည်ဗိမာန်မှ ပြန်လည်ထွက်ခွာသွားသည်။

ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များသည် ဂူဗိမာန်များ၌ လွမ်းသူ့ပန်းခွေချ အလေးပြု၍ ကန်တော့ကြရာ ရှေးဦးစွာ ဗိုလ်ချုပ်အောင်ဆန်း၏ ဂူဗိမာန်၌ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်း တို့က လွမ်းသူပန်းခွေချ၍ အလေးပြုပြီး ကန်တော့ကာ မေတ္တာပို့ အမျှပေးဝေကြသည်။

ဆက်လက်၍ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုများက အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန် အသီးသီးတို့၌ လွမ်းသူ့ပန်းခွေချ အလေးပြုကန်တော့ကြပြီး မေတ္တာ ပို့အမျှပေးဝေကြသည်။

ထို့နောက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးနှင့် မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များ အစည်းအရုံးတို့မှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန် အသီးသီးတို့၌ လွမ်းသူ့ပန်းခွေချ၍ အလေးပြုကြသည်။