Business - Vol2 No.95
မြန်မာနိုင်ငံ စီးပွားရေးတက္ကသိုလ် ဘွဲ့ရသူများ အသင်းက ကြီးမှူး၍ှStrategic Positioning of Mynamar in the Asia Region ခေါင်းစဉ်ဖြင့် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ဇူလိုင်(၁ဝ)ရက်၊ မွန်းလွဲ (၁)နာရီမှ ညနေ (၄)နာရီခွဲအထိ UMFCCI ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ဟောပြောပွဲ ပြုလုပ်ပါတယ်။
အဆိုပါ အခမ်းအနားတွင် ဆရာပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ကျွန်တော် တို့ရဲ့ စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူတွေဟာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ရောက်ရှိကြပြီး စီးပွားရေးနှင့် ပတ်သက်သော လုပ်ငန်း ဆောင်တာများကို တာဝန်ယူ ဆောင်ရွက်လျက် ရှိနေကြပါတယ်။ ပြည်တွင်းမှာလည်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်ကြီးကြပ် လုပ်ကိုင်နေသလို နိုင်ငံတော်အစိုးရ လုပ်ငန်းပိုင်းတွေမှာလည်း စီးပွားရေး အကြံပေးမှစပြီး ယခုလက်ရှိ စီးပွားရေးတက္ကသိုလ် ကျောင်းဆင်းများ ဒုတိယဝန်ကြီး အဆင့်အထိ တာဝန်ထမ်းဆောင်လျက် ရှိပါတယ်။ ယခုတက်ရောက်လာကြတဲ့ စီးပွားရေး ပညာရှင်တွေ စီးပွားရေးဘွဲ့ရ ကျောင်းသူ၊ ကျောင်းသားတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ တာဝန်ယူကြဖို့ တိုက်တွန်းပြောကြား လိုကြောင်း၊ နိုင်ငံတော်ရဲ့ စီးပွားရေးစီမံချက်တွေကို ကျွန်တော်တို့ တတ်တဲ့ စီးပွားရေးပညာတွေနဲ့ ဝိုင်းဝန်း၍ နိုင်ငံတော်အတွက် အကျိုးရှိမယ့် လုပ်ငန်းတွေ လုပ်ပေးကြဖို့ပြောလိုပါတယ်။ နောက်ထပ် ကျွန်တော် ပြောလိုတာကတော့ တစ်နေ့မှာရရှိလာတဲ့ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေကို စိန်ခေါ်မှုနဲ့ မလုပ်ကြဖို့ သတိပေးချင်ပါတယ်။ ရရှိလာမယ့် အခွင့်အရေးတွေကို ယူတတ်ကြဖို့လိုပါတယ်။
အဲ့ဒါလေးတော့ သတိပြုစေချင်တယ်။ အခွင့်အရေးတော့ ရပါတယ်။ မယူတတ်ရင် ဘာမှရကြမှာ မဟုတ်ဘူး။ ပြီးတော့ ကိုယ့်နိုင်ငံ သူများနိုင်ငံနဲ့ယှဉ်ရင် ဘာကွာနေလဲ ဆိုတာ သိဖို့လိုတယ်။ စဉ်းစားစရာရှိသလို စီးပွားရေး အကြံပေးတာလည်း ရှိဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ စီးပွားရေးတက္ကသိုလ်ဘွဲ့ရသူများအသင်း၏ ရည်ရွယ်ချက် အတိုင်း။ အမိစီးပွားရေး တက္ကသိုလ်ကြီးမှ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ပံ့ပိုးပေးနိုင်ရန် အမိစီးပွားရေး တက္ကသိုလ်ကြီးမှ မွေးထုတ်ပေးလိုက်သော ဘွဲ့ရညီအစ်ကို၊ မောင်နှမအချင်းချင်းပြန်လည်၍ ရင်းနှီးဆက်ဆံမှုများ ရရှိစေရန် စီးပွားရေးတက္ကသိုလ် ဘွဲ့ရ များအနေနှင့် နိုင်ငံတော်၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ဆောင်ရွက်ပေးနိုင်ရန်နှင့် 'တို့စီးပွားရေးပညာဖြင့် တို့နိုင်ငံတိုးတက်စေအံ့' ဆောင် ပုဒ်နှင့်အညီ လူစွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးကို ဖြည့်စွမ်းကူညီ ဆောင်ရွက်ကြပါစို့ ဟူ၍ ဆရာပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က အကျယ်တဝင့် ဟောပြောဆွေးနွေး သွားပါတယ်။
| < Prev | Next > |
|---|