Breaking News - Vol2 No.95
မန္တလေးမြို့၊ စွမ်းဟိုတယ်၌ ဇူလိုင်(၁၁)ရက် နံနက်(၉)နာရီက ကင်ဆာနှင့် သဘာဝဆေးဝါးများ အကြောင်း သိကောင်းစရာ အဖြာဖြာကို ဒေါက်တာခင်မောင်လွင် Honorary Professor ကရှင်းလင်း ဟောပြောရာ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မဂ္ဂဇင်းဂျာနယ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ FAME ဆေးဝါးထုတ်လုပ်ရေး စက်ရုံမှ GMP၊ LISO အသိအမှတ်ပြု လက်မှတ်ရ ဆေးဝါးများ ထုတ်လုပ်မှု၊ ဘယဆေးပင်များ စိုက်ပျိုးထားရှိမှု လုပ်ငန်း ဆောင်ရွက်မှု အဆင့်ဆင့် တို့အား ပရိုဂျက်တာဖြင့် ပြသခဲ့သည်။ ဆက်လက်၍ FAME ဆေးဝါး ထုတ်လုပ်ရေး၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာခင်မောင်လွင် Honorary Professor က ကင်ဆာ ဖြစ်ပွားစေရသော အကြောင်းအရင်းများ၊
အစားအသောက် စနစ်မကျမှုကြောင့် ဖြစ်ပွားရပုံ၊ ပြည့်ဝဆီလွန်ကဲစွာ စားသုံးမှုကြောင့် ဖြစ်ပွားရပုံ၊ ပြောင်းလဲ ဆီကြောင့်ဖြစ်ပွားရပုံ၊ ပိုးသတ်ဆေး အသုံးပြု အသီးအနှံအချို့ ရေစင်ကြယ်အောင် မဆေးမှုကြောင့် ဖြစ်ပွားရပုံ၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုကြောင့် ကင်ဆာ ဖြစ်ပွားရပုံ၊ ကင်ဆာကိုဟန့်တားနိုင်သော သဘာဝအသီးအနှံပင် အချို့ဖြစ်သည့် ခရမ်း ချဉ်သီး၊ ဂေါ်ဖီထုပ်၊ စတော်ဘယ်ရီသီး၊ ဖရဲသီး၊ နနွင်း၊ ကြက်သွန်ဖြူတို့ စားသုံးသင့်ပုံများ၊ မှိုတက်မြေပဲ၊ ပြောင်းဖူး၊ ပုဇွန်ခြောက်၊ ငါးခြောက်၊ ငရုတ်သီးတို့မှ မှိုဆိပ်ကြောင့် ဖြစ်တတ်သော ကင်ဆာအန္တရာယ်သိမှတ် ဖွယ်အဖြာဖြာကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသူများထဲမှ သိလိုရာများ မေးမြန်းမှု အပေါ်တစ်ဦးချင်းစီအား ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။ကျော်မင်းသော်
| < Prev | Next > |
|---|